အလွမ်းမြို့တော် လေးကို လာလည်တယ်နော် တူနယ်ဂျင်း ၀မ်းသာလိုက်တာ

Tuesday, 2 April 2013

ချစ်တယ်

သိပ်ချစ်တယ်လို့ ...အခါခါပြောခဲ့တဲ့စကား

မင်းနားမှာ...ရိုးသွားမလားလို့ စိုးထင်မိတယ်ကွာ

မင်းကိုချစ်ခဲ့တာ...ငါ့ရင်ထဲကပါ

မင်းကိုဂရုစိုက်ခဲ့တာလဲ...သိပ်ချစ်နေမိလို့ ပါ

မင်းဆီကချစ်တယ်ဆိုတဲ့စကားကို

တိတ်တခိုးမျှော်လင့်နေသလိုဘဲ

မင်းဂရုစိုက်လာမှာကိုလဲ...စောင့်မျှော်နေမိတဲ့သူပါ

ဒါပေမဲ့...ငါရလိုက်တာက...မင်းရဲ့မသိချင်ယောင်ဆောင်မှုနဲ့ 

တန်ဘိုးမထားတာကိုဘဲလေ..ဒါပေမဲ့ငါလေ

မင်းကိုစိတ်မဆိုးရက်ခဲ့ဘူးချစ်သ

မင်းပျော်ရွှင်နေမယ်ဆိုရင်..ငါလေခွင့်လွှတ်ရင်းနဲ့ချစ်နေမဲ့သူပါ....

No comments:

Post a Comment